Monday, March 7, 2011

ရောက်ရာ ပေါက်ရာ (၁)

ရောက်ရာ ပေါက်ရာ ဟာသများ
ကျွန်တော်တို့ကျောင်းမှာ ဘယ်လိုဖြစ်တယ်တော့ မသိဘူး၊ အိန္ဒိယလူမျိုးတွေအရမ်းများတာ။ အထူးသဖြင့် ကျွန်တော်တို့ အခန်းမှာဆိုရင် သီရိလင်္ကာဘက်က ကျောင်းသား/သူတွေများပါ့၊ စာသင်တဲ့ဆရာမကလည်း အိန္ဒိယပဲ၊ တစ်ခါတစ်လေဆို ငါစင်္ကာပူမှာ ကျောင်းလာတက်တာ လေယဉ်မှားစီးမိလို့ အိန္ဒိယများရောက်သွားလားတောင်မှတ်ရတယ်။
ကျွန်တော်ပြောချင်တာက ကိုရင်တို့ သိကြတဲ့အတိုင်းပဲ ကုလားလူမျိုးတွေဆိုတာ စကားပြောရင် ခေါင်းလေးခါခါနဲ့ ပြောတတ်ကြတာမျိုးကိုး၊ ကျွန်တော်လည်း သူတို့ကြားထဲမှာ အတူတူစာသင်နေရတာဆိုတော့ အဲဒီခေါင်းခါတာလေးကိုပဲ သဘောကျနေတာဗျ။ တစ်နေ့တော့ ကျွန်တော့်ရှေ့မှာထိုင်တဲ့ ကုလားမလေးကို ဆရာမက သင်ခန်းစာနဲ့ပတ်သတ်တဲ့ မေးခွန်းတစ်ခုမေးရော၊ အဲဒီမှာ သူတို့ ထုံးစံအတိုင်း မေးတဲ့သူကလည်း ခေါင်းလေးခါခါ ခါခါ၊ ဖြေတဲ့သူကလည်း ခေါင်းလေးခါခါ ခါခါ အတိုင်အဖောက်ကိုညီနေတာ၊ ကျွန်တော်ကလည်း နောက်ကနေပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ကြည့်နေမိတယ်ထင်ပါတယ်၊ အဲဒါကို ဆရာမကတွေ့သွားပြီး “ဟေ့ လင်း၊ မင်းကရော သူဖြေတဲ့အဖြေကို ဘာပြောစရာရှိလို့လဲ၊ သဘောတူလား၊ မတူဘူးလား” ဆိုပြီး ကျွန်တော့်ကိုထပ်မေးရောဗျို့။ ခေါင်းခါတာလေးပဲ လိုက်ကြည့်နေတာဆိုတော့ ဟိုကဘာဖြေသွားမှန်းတောင်မသိလိုက်ဘူး။ အဲဒီတော့ ကျွန်တော်လည်းထုံးစံအတိုင်း သဘောတူတယ်ပေါ့၊ ပြောစရာမရှိပါဘူးလို့ ပြန်ပြောရတာကိုး။ ဒါပေမယ့် အဲလိုပြောတဲ့အချိန်မှာ သူတို့လိုပဲ ခေါင်းလေးလှုပ်ပြီးပြောလိုက်တာပေါ့။ ဒီလိုဗျာ
ခေါင်းလေးလှုပ်ပြီး “Yes, I agree what she said.”
ခေါင်းလေးလှုပ်ပြီး “I’ve no more doubt on her answer.”
ကျွန်တော်တို့ ဗမာလိုဆိုရင် ပထမတစ်ကြောင်းက ခေါင်းညိတ်ပြီးဖြေရမှာ၊ ဒုတိယတစ်ကြောင်းက ခေါင်းခါပြီးဖြေရမှာ။ အဲဒါကို ခေါင်းကခါချည်းပဲနေတော့ ဆရာမနဲ့ကျွန်တော်နဲ့တိုင်ပတ်တော့တာပဲ။ နောက်ဆုံးတော့ ခေါင်းခါတာရပ်ပြီး ပြန်ပြောတော့မှ သူလည်း သဘောပေါက်သွားတော့တယ်။
ကျွန်တော်သိပ်မကျေနပ်ဘူးဗျ။ ဘယ်နှယ့် သူတို့ခေါင်းခါပြီးဖြေတုန်းကတော့ ဆရာမကနားလည်ပြီးတော့၊ ကျွန်တော် ခေါင်းခါတော့မှ နားမလည်ဘူးဆိုတော့ဗျာ။ ဒါနဲ့စာသင်ပြီးလို့ ဆရာမထွက်သွားတော့မှ သူတို့ကိုသွားမေးတာပေါ့။ အဲတော့မှ သူတို့က ၀ိုင်းရယ်ပြီးပြောပြတယ်။ မင်းခေါင်းခါတာမှားနေတာကိုးတဲ့။ ခေါင်းခါတာပဲမှားရသေးလားဟဆိုတော့။ သူတို့ကပြောပြတယ်။ “Yes” လို့ဖြေရင် နှာခေါင်းကို မရွှေ့ပဲ မင်းရဲ့ခေါင်းကို ဘယ်ညာယိမ်းရတယ်၊ “No” လို့ဖြေချင်ရင် နှာခေါင်းကို horizontally ရွှေ့ပြီး ခေါင်းကို ဘယ်ညာယမ်းရတယ်တဲ့ဗျာ။
ရေမြေဒေသပေါ်လိုက်ပြီးတော့ body language ဆိုတာလည်း ဘာသာစကားလိုပဲ ကွဲလွဲကြပါလားလို့ သညာပြုမိပါတယ်ဗျာ။

Thursday, January 20, 2011

တွေးနေမိသော စဉ်းစားခန်းများ (၁)

စကားပြောရင် "ငါက၊ ငါက"နဲ့ စစပြောတတ်တဲ့ ငါ့သူငယ်ချင်းရေ
မင်းပြောပြောနေတတ်တဲ့ အနာဂတ်ပရဟိတလုပ်ငန်းပုံပြင်က အရမ်းနားထောင်ကောင်းတယ်

Monday, December 6, 2010

စံပယ်ဖြူအိပ်မက်


ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို... လှလိုက်တာ။

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။

စကားတိုးတိုး၊ မြူခိုးဝေေ၀
စံပယ်ရေ...စပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။

သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ...၊
စံပယ်ရေ... စံပယ်ဖြူ...
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။

လင်းထက်

၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းတွင် လင်းထက်ကလောင်အမည်ဖြင့် ထူးအိမ်သင်ရေးဖွဲ့ခဲ့သောကဗျာလေးပါ....

ဝါးကျော

ဟိုနေ့က(2.12.2010 Thu) ကိုဖိုးစိန်တို့ အိမ်မှာ ၀ါးတီးသွားဆွဲခဲ့တဲ့ပုံလေးတွေ
မှတ်မှတ်ရရပါပဲ၊ စားလို့ကောင်းတယ်၊
ကိုယ့်အိမ်နဲ့ကိုယ်သာဆို လေးပန်းကန်လောက်တော့ ဆွဲဖြစ်မယ်ထင်တယ်
ခုတော့ အားနာလို့ နှစ်ပန်းကုန်ပဲကုန်တယ်

Friday, November 26, 2010

Pagelayout Design


Today, I've to submit page layout assignment. So I do this ass with run through. Whatever happen, I've submitted my assignment at last. :)